အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ (၁၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉)နာရီမှ စတင်၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားနစ်အားကစားနည်းမှ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ဘောလုံးအားကစားသမားများ GYM ကစားနေမှုများကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ပူးတွဲလေ့ကျင့်မှုများပြုလုပ်နေသည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားများကို  ဗီယက်နမ်နည်းပြမှ လေ့ကျင့်သင်ကြားပြသပေးနေမှုများကိုလည်းကောင်း၊ ရိုးရာခြင်းလုံး အားကစားရုံတွင် ရိုးရာခြင်းလုံးအားကစားနည်းမှ ခြင်းလုံးအားကစားသမားများ၏ လေ့ကျင့်ကစားနေမှု များကိုလည်းကောင်း၊ Training Hall No.(3)၌ ပိုက်ကျော်ခြင်းအားကစားနည်း၊ ဂွင်းသွင်းခြင်းခတ် အားကစားနည်း (Hoop Takraw)၊ တိုက်ကွမ်ဒို အားကစားနည်းတို့မှ အားကစားသမားများ၏ လေ့ကျင့် ကစားနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား Electronic Identity (EID) Card ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် Biometric Enrollment Application Form ဖြည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။