အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှု

နေပြည်တော်၊ ဇန်နဝါရီ (၆)။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ဥပါတသန္တိ စေတီတော် တောင်ဘက် တပေါင်းကွင်းအတွင်း၌  ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်းများ ပြသထားလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းသို့ လာရောက်ကြည့်ရှုခဲ့ရာ လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသွားခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့် အစီအစဉ်များ နှင့် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိရာ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြသည်။

အဆိုပါ ပြပွဲ၌ ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြခန်း (၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း(၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီး ဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် (၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီး၊ တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် (၅)စီး၊ စုစုပေါင်း ဂုဏ်ပြုယာဉ် (၄၈)စီးတို့ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ၈ ရက်အထိ တပေါင်းကွင်း၌ ခင်းကျင်းပြသသွား မည်ဖြစ်ရာ မိဘပြည်သူများ အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။