အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့်

နေပြည်တော်၊ဖေဖော်ဝါရီ(၁၇)။

ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်းအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) တို့အား သင်တန်းအမှတ်စဉ် (၁)ခုလျှင် သင်တန်းသား (၁၀၀)ဦး သင်တန်းကာလ (၃)ပတ် တစ်ပတ်လျှင် (၆) ရက်ဖြင့် နံနက်ပိုင်းအချိန်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ၂၇-၂-၂၀၂၃ မှ ၁၇-၃-၂၀၂၃ ရက်ထိလည်ကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃) အား ၂၀-၃-၂၀၂၃ မှ ၇-၄-၂၀၂၃ ရက်ထိလည်ကောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းအား အတွေ့အကြုံရှိ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျသင်ကြားပေးသွားမည် ဖြစ်ပါသည်။

သင်တန်းကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် (၄၀,၀၀၀/-) နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်လျှောက်လွှာပုံစံ၊ ဓာတ်ပုံ (၁)ပုံ၊ ဓာတ်ပုံပါ Soft Copy CD (၁)ချပ်နှင့်အတူ ၁၈-၂-၂၀၂၃ ရက်မှစ၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ဝဏ္ဏသိဒ္ဓိရေကူးကန် ဖုန်း- ၀၉-၄၀၁၆၄၂၁၅၇၊ ၀၉-၄၄၀၆၃၉၁၈၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

“ အရေးကြုံက သက်လုံလည်းကောင်း အညောင်းလည်ပြေ ကိုယ်ဟန်လည်းလှ ရေးကူးကြ”