အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း- စက်တင်ဘာ- ၂၈

စဈကိုငွးခရိုငွ အားကစားနှင့ကွာယပညာဦးစီးဌာနနှင့ွ ခရိုငပွှနကွှားရေးနှင့ပွှညသွူ့ဆကဆွံရေးဦးစီးဌာနတို့ ပူးပေါငွး၍ စဈကိုငွးမှို့နယရွှိ ပှညထွောငွ စုတိုငွးရငွးသားလူငယမွှား စှမွးရညဖွှံ့ဖှိုးရေးဒီဂရီကောလိပသွို့ အားကစားနှင့လွူငယရွေးရာ အသိပညာပေး ဟောပှောပှဲကို စကတွငဘွာ(၂၈)ရကွ၊ နံနကွ(၁၀)နာရီက အဆိုပါကှောငွးတှငွ ကငွှးပပှုလုပခွဲ့ကှောငွး သိရသညွ။

ဟောပြောပွဲတွင် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးမှုးက လူငယ်များအသ်ပညာမြင့်မားရေး စာပေဖတ်ရှုလေ့လာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားရေးအတွက် ကြိုးစားသင် ယူနေကြသလို အားကစားများကိုလည်း စိတ်ဝင်စားစွာ လှုပ်ရှားကစားပေးသွားကြစေလိုကြောင်း၊ အားကစားများထဲတွင် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားများရှိသလို မိမိတို့နှစ်သက်မြတ်နိုးရာ အားကစားကို လှုပ်ရှားကစားသွားကြစေလိုကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ ရည်မှန်းချက်/ မျှော်လင့်ချက်များ အပြည့်အဝ အကောင်းအထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းဟောပြောပေးကာ ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီးက လက်ခံရယူပေးခဲ့သည်။

ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက Fitness Dance ဖြင့်လည်းကောင်း၊ Table Tennis အားကစားနည်းဖြင့်လည်းကောင်း သရုပ်ပြကစား ပေးခဲ့ကြပြီး အသိပညာဟောပြောပွဲသို့ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။