အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြစ်ကြီးနား     စက်တင်ဘာ ၂၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်းလမ်းညွှန်မှာကြားချက်အရ ပြည်နယ်အားကစား နှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေး လျာထားမြေနေရာနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် ၏အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ထူးချွန်ထက်မြက်သည့် နိုင်ငံဂုဏ်ဆောင်အားကစား သမားလူငယ်အမြောက်အများမွေးထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အ တွင်းလမ်းညွှန်မှာကြားချက်အရအားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးကို မြေပြင် အခြေအနေကွင်းဆင်းတိုင်းတာစစ်ဆေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရန်လိုကြောင်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများက ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လျာထားမြေနေရာ နှင့် ပတ်သက်၍ မြေပြင်အခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြေနေရာကွင်းဆင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူးဦးသန်းမြင့်က ကျောင်းဖွင့်လှစ်နိုင်ရေး မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက်ပယ်ဖျက် ကွင်းအတွင်းရှိ မြေဧရိယာ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် မြေပြင်အခြေ အနေ တွေ့ရှိချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းဖွင့်လှစ်နိုင်ရေး လိုအပ်သည့် မြေဧရိယာအခြေအနေနှင့် ဝန်ကြီးဌာနမှ တည်ဆောက် သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်လှစ်ရေးအတွက် လျာ ထားမြေနေရာရရှိရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရေး၊ မြေဧရိယာအတွင်း စိုက်ပျိုး လုပ်ကိုင်နေကြသည့် တောင်သူများနစ်နာဆုံးရှုံးမှုမရှိစေရေးညှိ နှိုင်းဆောင်ရွက်သွားရေးနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ညှိ နှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။