၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၁၇)။
ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)သံပြားဝိုင်းပစ်၊ (အမျိုးသား ၁၀မျိုးစုံ-၁) မီတာ-၁၀၀၊ (အမျိုးသမီး) မီတာ ၁၀၀၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၂)အလျားခုန်၊ (အမျိုးသား) မီတာ-၁၀၀၀၀၊ (အမျိုးသမီး) တုတ်ထောက်ခုန်၊ (အမျိုးသား ၁၀မျိုးစုံ-၃) သံလုံးပစ်၊ (အမျိုးသား) သံပြားဝိုင်းပစ်၊ (အမျိုးသား/အမျိုးသမီး)မီတာ-၄၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၄)တန်းမြင့်ခုန်၊ (အမျိုးသား) မီတာ-၁၁၀ တန်းကျော်ပြေး၊ (အမျိုးသမီး) မီတာ-၁၀၀ တန်းကျော်ပြေး၊ (အမျိုးသား) အလျားခုန်၊ (အမျိုးသား+ အမျိုးသမီး) မီတာ(၁၀၀X၄) လက်ဆင့်ကမ်း၊ (အမျိုးသား ၁၀မျိုးစုံ-၅)မီတာ-၄၀၀ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ (အမျိုးသမီး) သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သိမ့်သိမ့်သူ(စစ်ကိုင်း)၊ ဒုတိယဆုရရှိသည့် နန်းအွမ်ဆိုင်ခမ်း(ရှမ်း)၊ တတိယဆု ရရှိသည့် သွယ်ဇင်နိုး(စစ်ကိုင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ (အမျိုးသမီး) မီတာ-၁၀၀၀၀ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အိအိဝိုင်း (တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် နှင်းပွင့်အောင်(စစ်ကိုင်း)၊ တတိယဆုရရှိသည့် ဖြိုးဖြိုးအောင် (နေပြည်တော်)နှင့် (အမျိုးသား) မီတာ-၁၀၀၀၀ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျော်မင်းအောင်(ရှမ်း)၊ ဒုတိယဆုရရှိသည့် သန့်ဖုန်းအောင်(ရန်ကုန်)၊ တတိယဆုရရှိသည့် အောင်စိုးလှိုင်(ကယား)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ (အမျိုးသမီး) တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ယုယုပိုင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် မြင့်မြင့်ဌေး(ကချင်)၊ တတိယဆုရရှိသည့် ဂူးဂူး(မန္တလေး)နှင့် (အမျိုးသား) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထက်ဝေယံ(ရှမ်း)၊ ဒုတိယဆုရရှိသည့် အောင်ထက်မြတ်(စစ်ကိုင်း)၊ တတိယဆုရရှိသည့် ထက်ကောင်းဝေ(မကွေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ကလည်းကောင်း၊ (အမျိုးသား) အလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝိုင်ထက်ပိုင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် ဇင်ကိုဌေး(ရန်ကုန်)၊ တတိယဆုရရှိသည့် ဝေယံထက်(စစ်ကိုင်း)တို့အား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ လက်ရွေးစင်အားကစားသမားဟောင်း ဦးသန့်ဇင်ကလည်းကောင်း၊ (အမျိုးသမီး) မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အိသက်လွင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် နော်မြင့်မြင့်စန်း(တနင်္သာရီ)၊ တတိယဆုရရှိသည့် ဝင်းစန္ဒာထွန်း(မန္တလေး)နှင့် (အမျိုးသား) မီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရဲရင့်ပိုင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် သီဟနိုင်(မကွေး)၊ တတိယဆုရရှိသည့် လင်းထက်သူ(မန္တလေး)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ လက်ရွေးစင် အားကစားသမားဟောင်း ဦးဖုန်းမြင့်ကလည်းကောင်း၊ (အမျိုးသမီး) မီတာ-၄၀၀ ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် နွေဦးခိုင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် နန်းဟွမ်လှိုင်း(ရှမ်း)၊ တတိယဆုရရှိသည့် ရီမြာ (ကယား)နှင့် (အမျိုးသား) မီတာ-၄၀၀ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖြိုးကျော်ဇင်ဦး(ရှမ်း)၊ ဒုတိယဆု ရရှိသည့် ထွန်းလင်းဦး(မွန်)၊ တတိယဆုရရှိသည့် သက်ဝေဖြိုး(စစ်ကိုင်း)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်သန်းသန်းကလည်းကောင်း၊ (အမျိုးသား+အမျိုးသမီး) မီတာ(၁၀၀ X ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ထူးအောင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၁၈)ရက်နေ့တွင် ဒုတိယနေ့ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


