အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ(၉)။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလုက် အမျိုးသား (၄၈၊ ၅၁၊ ၅၇၊ ၆၃.၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၆)ပွဲနှင့် အမျိုးသမီး (၅၇၊ ၆၃) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၂)ပွဲ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား (၄၈) ကီလိုတန်းပြိုင်ပွဲတွင် မျိုးဇာနည်ထက် (ရန်ကုန်)နှင့် ညီညီဇော် (ချင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မျိုးဇာနည်ထက် (ရန်ကုန်)ကလည်းကောင်း၊ အောင်အောင်ထွန်း (မွန်)နှင့် လှိုင်ဘွား (ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အောင်အောင်ထွန်း (မွန်)ကလည်းကောင်း၊ အမျိုးသား (၅၁) ကီလိုတန်းပြိုင်ပွဲတွင် ကျော်ဇင်မောင် (မန္တလေး)နှင့် ကောင်းဆက်နိုင် (မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကျော်ဇင်မောင် (မန္တလေး)ကလည်းကောင်း၊ သက်ဇော်ဦး (ဧရာဝတီ)နှင့် အောင်ခန့်ထူး(စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ သက်ဇော်ဦး (ဧရာဝတီ)ကလည်းကောင်း၊ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ဂင်ရှင်မောင်(ချင်း)နှင့် ထူးမြတ်လွင် (ရခိုင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ဂင်ရှင်မောင်(ချင်း)ကလည်းကောင်း၊ ရှိုင်းငယ် (ရှမ်း)နှင့် မင်းဆက်သာဦး (စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းငယ် (ရှမ်း)ကလည်းကောင်း၊ အမျိုးသား (၆၃.၅) ကီလိုတန်းပြိုင်ပွဲတွင် မင်းထက်ကျော် (ရန်ကုန်)နှင့် ထူးအောင်ရဲရင့် (တနင်္သာရီ) တို့ယှဉ်ပြိုင်ကစားခဲ့ရာ မင်းထက်ကျော် (ရန်ကုန်)ကလည်းကောင်း၊ နုတ်မာရ် (ကချင်)နှင့် မျိုးသူအောင် (မွန်) တို့ယှဉ်ပြိုင်ကစားခဲ့ရာ နုတ်မာရ် (ကချင်)ကလည်းကောင်း၊ အမျိုးသား (၇၁) ကီလိုတန်းပြိုင်ပွဲတွင် စတီးရှု(ဧရာဝတီ)နှင့် မင်းဝေအောင် (မန္တလေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စတီးရှု(ဧရာဝတီ)ကလည်းကောင်း၊ ရှိုင်းထက်ကိုကို (ကချင်)နှင့် ကျော်မျိုးဟန် (စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းထက်ကိုကို (ကချင်)ကလည်းကောင်း၊ အမျိုးသား (၈၀) ကီလိုတန်းပြိုင်ပွဲတွင် စောငွေမိုး (ကရင်)နှင့် ခွန်ဇွဲမောင်မောင်(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စောငွေမိုး (ကရင်)ကလည်းကောင်း၊ ဝဏ္ဏစိုး(ရန်ကုန်)နှင့် သက်ထွန်းဇော်(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထွန်းဇော်(ကချင်)ကလည်းကောင်း၊ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် နန်းအေးသန္တာအောင်(ကရင်)နှင့် သင်းသင်းမြတ်(ရှမ်း) တို့ယှဉ်ပြိုင်ကစားခဲ့ရာ နန်းအေးသန္တာအောင်(ကရင်)ကလည်းကောင်း၊ တိမ်ရှမ်းဒိတ်စန်(ချင်း)နှင့် သန္တာဖြိုး(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ တိမ်ရှမ်းဒိတ်စန်(ချင်း)ကလည်းကောင်း၊ အမျိုးသမီး (၆၃) ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်ရတနာဦး(ရန်ကုန်)နှင့် အိအိထွေး(မန္တလေး) တို့ယှဉ်ပြိုင်ကစားခဲ့ရာ အိအိထွေး(မန္တလေး) ကလည်းကောင်း၊ နန်းဖောနီမူ (ကရင်)နှင့် နန်းစုနွယ် (စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ နန်းစုနွယ် (စစ်ကိုင်း) ကလည်းကောင်း၊ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၁၀)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ လက်ဝှေ့အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။