အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံ

ရန်ကုန်၊ ဩဂုတ်လ(၁၅)ရက်။

AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀ : ၃၀) နာရီအချိန် တွင် ရန်ကုန်မြို့ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြများ၊ ဆေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြများ၊ ဆေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး အသင်းအုပ်ချုပ်သူနှင့် နည်းပြတို့က AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်နိုင်မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲလေ့ကျင့် ရေးဘောလုံးကွင်းရရှိရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဖြင့် ညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Training လေ့ကျင့်မှုပုံစံများနှင့် Training လေ့ကျင့်ကစားရာ၌ ရရှိသည့် ရလဒ် အခြေအနေများ ၊ ပြိုင်ဘက်အသင်းများ၏ အခြေအနေအပေါ် လေ့လာသုံးသပ်ချက်များ၊ နည်းပြ များ၏ သင်ကြားညွှန်ပြမှုများ၊ ကစားသမားများ၏ စိတ်နေစိတ်ထားနှင့် စွမ်းဆောင်နိုင်မှုများ ၊ ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများ၊ ဝယ်ယူရရှိနိုင်ရေးများကိုလည်းကောင်း၊ ဆေးအဖွဲ့မှ တာဝန်ရှိသူတို့က လိုအပ်သည့်ဆေးဝါးများရရှိရေး၊ အားကစားသမားများ၏ ကျန်းမာရေးအခြေ အနေနှင့် ကုသပေးနေမှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ I.S.P.E FC ဘောလုံးအသင်း၏ CEO ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က ပြိုင်ပွဲနှင့်ပတ်သက်သည့် လိုအပ်ချက်များ၊ အသင်း လူရွေးချယ်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုရှိရန်၊ ကျန်းမာရေးကို အထူး ဂရုစိုက်ရန်၊ အောင်နိုင်စိတ်ကိုအရင်းခံပြီး စိတ်ဓာတ်၊စည်းကမ်းကောင်းစွာဖြင့် I.S.P.E FC မြန်မာအမျိုးသမီးဘောလုံးအသင်းအနိုင်ရရှိအောင် ကြိုးစားကြရန် မှာကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကစားကြမည့် အားကစားသမား များအား လေးစားဂုဏ်ယူပါကြောင်း၊ ဂူအမ် ၊ မွန်ဂိုလီးယား ၊ ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရာတွင် အောင်မြင်မှုရရှိအောင်ကြိုးစားကြရန် ၊ တစ်ဖက်ယှဉ်ပြိုင်မည့်အသင်း၏ အားနည်းချက် / အားသာချက်များကိုသိရှိပြီး ယှဉ်ပြိုင်အနိုင်ယူနိုင်အောင် ကြိုးစားကစားကြရန် အခက်အခဲရှိပါက ချက်ခြင်းတင်ပြစေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိအသင်း အောင်မြင်မှုရရှိပြီးအမိမြန်မာနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်သူများ ဖြစ်အောင်ကြိုးစားကြရန် မှာကြား ခဲ့ကြောင်းသိရှိရသည်။