အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေဆုံဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) Cluster-4 ရှိ စားရိပ်သာ၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဝန်ထမ်းများက အသီသီးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ အခမ်းအနားနှင့်အစည်းအဝေးများ မစတင်မီ ကြိုတင်လာရောက်နေရာယူထားကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်ကြပ်မတ်၍ မိမိဝန်ထမ်းများ စည်းမျဉ်း/စည်းကမ်းများကို နားလည်ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများအား ကူညီဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် ယခုလို ဝန်ထမ်းများနှင့် တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား လစဉ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ကြောင်း၊ တင်ပြချက်များကိုလည်း ဘုတ်အဖွဲ့များဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း သည်းခံစိတ်၊ မိသားစုစိတ်ဓာတ်ထားရှိပြီး မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်အပြင် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ကျရာအခန်းကဏ္ဍမှနေပြီး ကျေပွန်အောင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ထပ်မံ ကျင်းပမည့် အခမ်းအနားများတွင်လည်း အမှားနည်းပြီး အောင်မြင်စွာပြီးမြောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် တက်ညီလက်ညီ စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။