အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအားကြည့်ရှုစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာလ ၂၂ ရက်

အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ ပဏာမလက်ရွေးစင်‌ လှေလှော်အားကစားသမားများ စံချိန်ယူ လေ့ကျင့်နေမှုများ ၊ လက်ရွေးစင်အားကစားသမားများအား တစ်နေ့ ၆ကြိမ် နေ့စဉ်အလိုက် ကျွေးမွေးသည့် ကိစ္စရပ်များ ၊ စားရိပ်သာသန့်ရှင်းသပ်ရပ်စွာထားရှိမှု အခြေအနေ ၊ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နည်းပြ/အုပ်ချုပ်သူများကို လိုအပ်ချက်များမှာကြားခဲ့သည် ။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အောင်ဆန်းကွင်းသို့ရောက်ရှိရာ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်‌‌ ဘော်လီ‌ဘောအမျိုးသား/အမျိုးသမီးများအား လေ့ကျင့်နေမှုများကြည့်ရှူအားပေး၍ စားရိပ်သာ၌ ချက်ပြုတ်သည့် menu နှင့် ချက်ပြုတ်နေသည့်များကို ကြည့်ရှူစစ်ဆေးပြီး နည်းပြ/အသင်းအုပ်ချုပ်သူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ရောက်ရှိရာ ၊ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ လေ့ကျင့်နေသည့်နေရာများ ၊ စားရိပ်သာတို့၌ ချက်ပြုတ်ကျွေးမွေးသည့်နေရာများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ နေ့စဉ်အလိုက် တစ်နေ့ ၆ကြိမ် ကျွေးမွေးရမည် သတ်မှတ်နှုန်းထား ရေးဆွဲထားသည့် menu များအတိုင်း ကိုက်ညီမှုရှိအောင်အသေးစိတ်မှာကြားခဲ့ပြီး ရေ ၊ မီး၊ သန့်စင်ခန်းများ အဆင်ပြေစွာအသုံးပြုနိုင်စေရေး ပြိုင်ပွဲကာလနီးစပ်လာပြီဖြစ်ရာ ကျန်းမာရေး အထူးဂရုစိုက်ကြပါရန် တာဝန်ရှိသူများအားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။