လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနား ကျင်းပ
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မတ်လ(၁၉)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိလူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနခွဲ(၄)ခုတို့မှ ဝန်ထမ်းများမှ သီးခြား ဆွေးနွေးတင်ပြလိုသည်များမရှိသည့်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေးရာ)က ဌာနအတွင်း လစဉ်ကျင်းပပြုလုပ်လျက်ရှိသည့် လူငယ်စကားဝိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အစီ အစဉ် Public Speaking Skill နှင့် Relations ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ အားလုံး အထွေထွေဗဟုသုတနှင့် အခြေခံအင်္ဂလိပ်ဘာသာစကားတွေကို ပိုမိုတိုးတက်အောင်မြင်စေရန် လေ့လာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒရေးရာ)က ဝန်ထမ်းများအနေဖြင့် မိမိတို့ကြုံတွေ့နေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးဖို့လိုအပ်ကြောင်းနှင့် သို့မှသာ ဌာနအကြီးအကဲများမှ အဆင့်ဆင့်တာဝန်ယူဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းသာမက ပြင်ပလောကတွင် Online လိမ်လည်မှုများကို ဂရုပြုကြရန် အထူးလိုအပ်ကြောင်း၊ ဌာနတွင်း ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကို တစ်လခွဲလျှင် (၁)ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဝန်ထမ်းတစ်ဦးချင်း အထူးအလေးထားဂရုစိုက်ဆောင် ရွက်သွားကြရန်လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


