အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ

ရန်ကုန်၊ ဩဂုတ်လ (၁၆)ရက်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှု များရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉ : ၃၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ နှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက် ကြပါသည်။

အစီအစဉ်အရအစည်းအဝေးပထမပိုင်းတွင် ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ မြားပစ် ၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ လှေလှော်၊ တိုက်ကွမ်ဒို၊ အလေးမ၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး ၊ ပန်ကြပ်ဆီလပ်၊ သေနတ်ပစ်၊ဝူရှူး အားကစားအဖွဲ့ချုပ်များ၊ အစည်းအဝေးဒုတိယပိုင်းအဖြစ် နေ့လယ်ပိုင်းတွင် စစ်တုရင်၊ ဘိုးလင်း ၊ Kickboxing ၊ စားပွဲတင်တင်းနစ်၊ ဘောလုံး/ဖူဆယ်၊ Aquatics (Swimming)၊ ကြက်တောင် ၊ ဘတ်စကက်ဘော ၊ စက်ဘီး ၊ မြင်းစီး ၊ E Sports ၊ ကျွမ်းဘား၊ Squash ၊ Teqball ၊ တင်းနစ်၊ နပန်း ၊ ဘော်လီဘော ၊ ဂျူဂျစ်ဆု ၊ Kabaddi ၊ Tug of War ၊ စကိတ်၊ ခရစ်ကက် ၊ ရွက်လှေ ၊ Muay ၊ ဂေါက်သီး ၊ ဟော်ကီ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၃) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ရက်ပေါင်း(၁၁၅)ရက်၊ လေ့ကျင့်ချိန်အားဖြင့် (၃)လခန့်သာ ကျန်ရှိတော့သည်ဖြစ်၍ အားကစားအဖွဲ့ချုပ်များအနေဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်၊ တင်ပြရမည့် အရေးကြီးကိစ္စရပ်များအား ရုံးလုပ်ငန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ပြည်ပဖိတ်ခေါ် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Invitation Letter များပေးပို့ဖိတ်ကြား လာပါက (၃)ရက် အတွင်း အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ပေးပို့တင်ပြကြရန်၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် အချိန်မီရရှိမှသာ သွားရောက်ယှဉ်ပြိုင်ကြရန်၊ အားကစားနည်းအလိုက် Technical Hand Book ပါ အချက်အလက်များ ကို သိရှိနားလည်လိုက်နာဆောင်ရွက်ထားကြရန်၊ ပြိုင်ပွဲဝင်အမည်စာရင်း Short List များကိုပေးပို့ရန် ကျန်ရှိသည့်အဖွဲ့ချုပ်များ ယနေ့နောက်ဆုံး ထားပေးပို့ကြရန် ၊ အောင်နိုင်ရေး အလံအပ်နှင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရန် ရှိသည့်အတွက် လိုအပ်သည်များအားကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်၊ အရည်အချင်းပြည့်မီသည့် အားကစားသမားများအား သေချာစိစစ် ရွေးချယ်သွားရန်၊ ပြိုင်ပွဲဝင်အုပ်ချုပ်/နည်းပြ၊ အားကစားသမားများ၏ တူညီဝတ်စုံဆိုဒ်စာရင်း ၊ ဆုတံဆိပ်ရရှိနိုင်မှုအခြေအနေ ၊ Joint Training သွားရောက်လေ့ကျင့်မှု အခြေအနေတို့အား အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အချိန်မီ တင်ပြဆောင်ရွက် သွားရန်မှာကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေး တင်ပြရာ အားကစားနည်းအလိုက် တာဝန်ယူလေ့ကျင့်လျက်ရှိသည့် နည်းပြများအနေဖြင့် ဆုတံဆိပ် ရရှိနိုင်မည့် အားကစားသမားများကို သီးခြားရွေးထုတ်ကာ နည်းစနစ်များအပေါ်မူတည်ပြီး လေ့ကျင့် ပေးရန် ၊ Training Programme များအတိုင်း စနစ်တကျရေးဆွဲလေ့ကျင့်ကြရန် ၊ Training Programme များ ပြောင်းလဲမှုရှိပါက ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) သို့ ပေးပို့ရန် ၊ အဖွဲ့ချုပ်များမှ လိုက်ပါမည့် Card အမျိုးအစား ၊ မိမိအစီအစဉ်ဖြင့်သွားရောက်မည့် စီစဉ်ထားမှုနှင့် ပြိုင်ပွဲဝင်ဝတ်စုံများကို မှန်မှန်ကန်ကန်ပေးပို့ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မိမိတို့အဖွဲ့ချုပ်များအလိုက် လိုက်ပါရန် ဆောင်ရွက်ထား သည့် Card အမျိုးအစားများ၊ ပြိုင်ပွဲဝင် အုပ်ချုပ်/ နည်းပြများ၊ အားကစားသမားများ၏ တူညီဝတ်စုံ ဆိုဒ်စာရင်းများ၊ မိမိအစီအစဉ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များက သွားရောက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ ၊ မိမိတို့ အားကစားအဖွဲ့ချုပ်အလိုက် ရွေးချယ်ထားသည့် အုပ်ချုပ်/ နည်းပြများ၊ ကစားသမားများ၏Short List များ ၊ ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်ရရှိနိုင်မှု အခြေအနေများ ၊ လေ့ကျင့်ရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် ပြိုင်ပွဲသုံးအထောက်အကူပြု ပစ္စည်းများ၊ ဝယ်ယူ တင်သွင်းနိုင်ရန်နှင့် ပြိုင်ပွဲသို့ သယ်‌ဆောင်သွားနိုင်ရေးကိစ္စရပ်များ ၊ ပြည်ပ နိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှု (Joint Training )သွားရောက်ရန် စီစဉ်ထားရှိမှုများအား အသေးစိတ် တင်ပြဆွေးနွေးခဲ့ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က လိုအပ်ချက်များအား အသေးစိတ် ဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် Training Programme များ၊ စံချိန်/ စံညွှန်းများ ၊ အားကစား အဖွဲ့များ၏ အုပ်ချုပ်/ နည်းပြများ၊ အားကစားသမားများ၏ Short List များ၊ မျှော်မှန်းထားသည့် ဆုတံဆိပ်ရရှိမှုအခြေအနေများအား မှန်မှန်ကန်ကန်တိတိကျကျပေးပို့ကြရန်၊ ပြိုင်ပွဲနီးကပ် လာပြီဖြစ်သည့်အတွက် အားကစားသမားများ လေ့ကျင့်ရာတွင် Injury မဖြစ်စေရေး ဂရုစိုက်ကြရန် မှာကြားပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိအောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်အဖွဲ့ချုပ်တို့ ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရ သည်။