ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ
ရန်ကုန်၊စက်တင်ဘာလ(၁)ရက်။
၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ဦးသူရစိုး တို့သည် ယမန်နေ့ ည(၁၁:၃၀)နာရီ အချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ အားကစား နှင့်ကာယပညာဦးစီးဌာနယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

