အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

“ Regional peer- Learning on the self- Assessment of the Enabling Masterplan 2025” ၏ အစည်းအဝေးသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူတို့က Virtual စနစ်ဖြင့်တက်ရောက်

၂၀၂၄ ခုနှစ်၊ မေလ(၇)ရက်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မေလ(၇)ရက်‌နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “ Regional peer- Learning on the self- Assessment of the Enabling Masterplan 2025” ၏ အစည်းအဝေးသို့ လက်ရှိအာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ(၁၂:၃၀)နာရီမှ (၁၅:၃၀) နာရီအထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်းတွင် ပါဝင်တက်ရောက်ခဲ့ပါသည်၊၊

အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူမှုဝန်ထမ်းတိုးတက်ဖွံ့ဖြိုးမှူဆိုင်ရာ လုပ်ငန်းစဉ်တွင်ပါဝင်သည့် မသန်စွမ်းသူများအတွက် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရေးနှင့် Enabling Master plan 2025 ၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်၊၊