အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၁၄)။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ ပွဲစဉ်များအဖြစ် အမျိုးသား (၆၇) ကီလိုပြိုင်ပွဲ၊ အမျိုးသား(၇၃)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၅၉)ကီလိုပြိုင်ပွဲများအား ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား (၆၇)ကီလိုပြိုင်ပွဲတွင် မောင်ထက်ညီညီနိုင်(ဧရာဝတီ)က ပထမ၊ မောင်ဝမ်ကြာလည်(စစ်ကိုင်း)က ဒုတိယ၊ မောင်ကျော်ဖြိုးလတ်(ရန်ကုန်)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသမီး (၅၉) ကီလိုပြိုင်ပွဲတွင် မဧပရယ်ထွန်း(ဧရာဝတီ)က ပထမ၊ မဆုမြတ်မွန်(ရန်ကုန်)က ဒုတိယနှင့် မအေးယုခိုင်(မကွေး)က တတိယဆုများ ကိုလည်းကောင်း၊ အမျိုးသား (၇၃) ကီလို ပြိုင်ပွဲတွင် မောင်ရှိုင်းညီညီ(ဧရာဝတီ)က ပထမ၊ မောင်ရှိုင်းထက်အောင်(ရှမ်း)က ဒုတိယ၊ မောင်သက်ပိုင်ထူး(ဧရာဝတီ)က တတိယဆုများကို လည်းကောင်း အသီးသီးရရှိခဲ့ကြပြီး အမျိုးသား(၆၇)ကီလိုပြိုင်ပွဲတွင် မောင်ထက်ညီညီနိုင် (ဧရာဝတီ)သည် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ အမြန်မ သတ်မှတ်စံချိန် (၁၀၅)ကီလိုကို (၁၁၇)ကီလိုဖြင့်လည်းကောင်း၊ အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် မဧပရယ်ထွန်း(ဧရာဝတီ)သည် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ နှစ်ဆင့်မ သတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် လည်းကောင်း၊ အမျိုးသား(၇၃)ကီလိုပြိုင်ပွဲတွင် မောင်ရှိုင်းညီညီ(ဧရာဝတီ)သည် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲ နှစ်ဆင့်မ သတ်မှတ်စံချိန် (၁၃၅)ကီလိုကို (၁၃၆)ကီလိုဖြင့်လည်းကောင်း စံချိန်သစ်များတင်နိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

စက်တင်ဘာ (၁၅)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။