အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်‌အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့‌ ငွေတံဆိပ်ဆုရရှိ

ရန်ကုန် ၊ ဇူလိုင်၂၀ ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်၊ မယ်လီပိုခရိုင် တွင်ဇူလိုင် ၁၄ ရက်မှ ၂၀ရက် အထိကျင်းပပြုလုပ်ခဲ့သည့် ASEN-CHINA TOUTH BASKETBALL TOURNAMENT AND CULTURAL EXCHAN 3×3 အသက်၁၈နှစ်‌ေအာက်ဘတ်စကတ်ဘောပြိုင်ပွဲသို့မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာဒုတိယ(ငွေ)တံဆိပ်ဆုနှင့် အ‌ကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင်တရုတ်အသင်းက ပထမ(ရွှေ) ၊ မြန်မာအသင်းကဒုတိယ(ငွေ)၊ မလေးရှားအသင်းက ဒုတိယ(ငွေ)၊ ထိုင်းအသင်းက တတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြပြီး မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းက ငါးသင်း၊ က‌မ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့က တစ်သင်းစီ၀င်‌ ရောက်ယှဥ်ပြိုင်ခဲ့ကြ‌ ကြောင်းသိရသည်။

မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့တွင် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်‌မောင်မြင့်၊ နည်းပြနှင့် အားကစားသမား‌ငါးဦး၊ စုစု‌ပေါင်းခုနှစ်ဦးတို့သည် ယနေ့မွန်းလွဲ၂နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ ဘတ်စကတ်ဘော အဖွဲ့ချုပ်မှ အမှုဆောင်များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသားသူများ၊မိဘဆွေမျိုးများ ကြိုဆိုနှုတ်ဆက်ခဲ့ကြ‌ကြောင်းသိရှိရသည်။