![]()
Uganda International Series 2025ကြက်တောင် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ
ရန်ကုန် ၊ အောက်တိုဘာ ၈ရက်
အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှလက်ရွေးစင် အားကစားသမား မောင်ဟိဏ်းထွဋ်သည် အောက်တိုဘာလ၂ရက်နေ့ မှ ၅ရက် နေ့ အထိယုဂန္ဓာနိုင်ငံ တွင်ကျင်းပခဲ့ သော Uganda International Series 2025 ကြက်တောင် ပြိုင်ပွဲတွင် မောင်ဟိဏ်းထွဋ် က ပထမ (ရွှေ)တံဆိပ်ဆု ရရှိခဲ့ ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲ၌ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ မှ မောင်ဟိဏ်းထွဋ်က ယူအေအီနိုင်ငံမှကစားသမား ၊ အိန္ဒိယနိုင်ငံမှ ကစားသမားသုံးဦးတို့ကို အနိုင်ရရှိကာ ဗိုလ်လုပွဲတွင်မလေးရှားနိုင်ငံမှ ကစားသမားကို၂၁မှတ် ၁၄မှတ်၊၂၁မှတ် ၉မှတ် ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး စုစုပေါင်း ၅ပွဲယှဥ်ပြိုင်ခဲ့ရာ ပထမ ရွှေတံဆိပ်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာ မှ မောင်ဟိဏ်းထွဋ်က ပထမ(ရွှေ) ၊ မလေးရှားက ဒုတိယ(ငွေ) နှင့် အိန္ဒိယတို့က တတိယ(ကြေး)တို့ရရှိခဲ့ပြီး ယမန်နေ့ နံနက် ၁နာရီ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြသည်။
ယင်းUganda International Series 2025ကြက်တောင်ပြိုင်ပွဲတွင် နိုင်ငံပေါင်း၁၅နိုင်ငံ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှလက်ရွေးစင်အားကစားသမားမောင်ဟိဏ်းထွဋ်သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။


