အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ၊ အောက်တိုဘာလ (၁၀)

၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ဘိလိယက်နှင့် စနူကာအားကစား လေ့ကျင့်ရေးခန်းမ၌ ယနေ့ နံနက်(၀၉း၀၀)နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းထက်မွန် ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ ၊ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

၉.၁၀.၂၀၂၅ ရက်နေ့တွင် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ပွဲစဉ်အဖြစ် ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲများအား ပွဲစဉ်(၁)တွင် ဦးပေါက်စ (မြန်မာ့ လက်ရွေးစင်) + အေးမင်း(မန္တလေးတိုင်းဒေသကြီး) နှင့် ဦးနေသွေးဦး(မြန်မာ့လက်ရွေးစင်) + ကျော်စွာဝင်း (ဧရာဝတီတိုင်းဒေသကြီး) ၊ ပွဲစဉ်(၂)တွင် ဦးအောင်ဌေး(မြန်မာ့လက်ရွေးစင်) + တေဇာအောင်(ရန်ကုန် တိုင်းဒေသကြီး) နှင့် ဦးပေါက်စ(မြန်မာ့လက်ရွေးစင်) + အေးမင်း (မန္တလေးတိုင်းဒေသကြီး) ၊ ပွဲစဉ်(၃)တွင် ဦးအောင်ဌေး (မြန်မာ့လက်ရွေးစင်) + တေဇာအောင် (ရန်ကုန်တိုင်းဒေသကြီး) နှင့် ဦးနေသွေးဦး (မြန်မာ့လက်ရွေးစင်) + ကျော်စွာဝင်း (ဧရာဝတီတိုင်းဒေသကြီး)တို့ယှဉ်ပြိုင်ကစား နေမှုတို့အား ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲများအပြီး ဆုများကိုပေးအပ်ချီးမြှင့်ရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းထက်မွန် က ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသော ဦးအောင်ဌေး(မြန်မာ့လက်ရွေးစင်)အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်း ၊ ဒုတိယဆု ရရှိသော ဦးပေါက်စ(မြန်မာ့လက်ရွေးစင်)အား ဂုဏ်ပြုချီးမြှင့်‌ငွေကျပ်(၃)သိန်း(၅)သောင်း ၊ တတိယ ဆုရရှိသော တေဇာအောင် (ရန်ကုန်တိုင်းဒေသကြီး)အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂)သိန်း တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် က ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးအောင်ဌေး(မြန်မာ့လက်ရွေးစင်) + တေဇာအောင် (ရန်ကုန်တိုင်းဒေသကြီး)အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်း ၊ ဒုတိယဆုရရှိသော ဦးပေါက်စ(မြန်မာ့လက်ရွေးစင်) + အေးမင်း (မန္တလေးတိုင်းဒေသကြီး)အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်း ၊ တတိယဆုရရှိသော ဦးနေသွေးဦး(မြန်မာ့လက်ရွေးစင်) +ကျော်စွာဝင်း(ဧရာဝတီတိုင်း ဒေသကြီး)အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂)သိန်း (၆)သောင်း တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ ဆုပေးပွဲအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ဂုဏ်ပြု ချီးမြှင့်ငွေကျပ်(၁၀၅၀၀၀၀/-)နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် မှ ဂုဏ်ပြု ချီးမြှင့်ငွကျပ်(၁၄၆၀၀၀၀/-) စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂၅၁၀၀၀၀/-) ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။