အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

FIFA-MFF TDS Scouting Program ဖြင့် မြန်မာဘောလုံးအကယ်ဒမီ(အထက်မြန်မာပြည်) ကျောင်းသားသစ်များ လူရွေးချယ်ခေါ်ယူ

တောင်ကြီး၊ မေလ(၄)ရက်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ ပညာသင်နှစ်၊ မြန်မာဘောလုံးအကယ်ဒမီ အထက်မြန်မာပြည် (မန္တလေး) အတွက် ကျောင်းသားသစ်များကို FIFA- MFF TDS Scouting Program ဖြင့်ကျင်းပကာ ရှမ်းပြည်နယ်ဘောလုံးအားကစားလောကတိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထက်မြန်မာပြည် (မန္တလေး) မြန်မာဘောလုံးအကယ်ဒမီ လူရွေးချယ်ပွဲကို ယနေ့ နံနက် (၀၇:၃၀)နာရီအချိန် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလူရွေးချယ်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ နည်းပြချုပ် ဦးကြည်နိုင်နှင့် နည်းပြအဖွဲ့ဝင်များ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အရွေးချယ်ခံ အားကစားသမားများ ၊ နည်းပြများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြည့်ရှုခဲ့ကြကာ ယခု ကစားသမား ရွေးချယ်မှုများ ပြုလုပ်ရာတွင် လူငယ်ဘောလုံး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတ မှ ဦးဆောင်၍ ရွေးချယ်ရေး အဖွဲ့များ ဖွဲ့စည်းကာ တောင်ကြီးမြို့တွင် ပဏာမအဆင့် အပြီးသတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ရွေးချယ်ခံရသည့် အကယ်ဒမီကျောင်းသားများ အနေဖြင့် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့ သင်ယူခွင့် ရရှိမည်ဖြစ်ကာ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်ကစားသမားများအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ်ကစားသမားများအဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်ပါကြောင်း၊ အကယ်ဒမီကျောင်းများအနေဖြင့် သင်တန်းသားများအား အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများသည် အကယ်ဒမီကျောင်း၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာပါက အတန်းပညာနှင့် ဘောလုံးပညာများအား လေ့လာဆည်းပူးသင်ယူရမည် ဖြစ်ပါကြောင်း ၊ ၄-၅-၂၀၂၄ ရက်နေ့ နှင့် ၅-၅-၂၀၂၄ ရက်နေ့များ၌ (တောင်ကြီးမြို့)တွင် ပဏာမရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကာ အပြီးသတ်ရွေးချယ်မှုများကို အထက်မြန်မာပြည်(မန္တလေး) အတွက် ၁၁-၅-၂၀၂၄ ရက်နေ့နှင့် ၁၂-၅-၂၀၂၄ ရက်နေ့များတွင် မြန်မာဘောလုံးအကယ်ဒမီ အထက်မြန်မာပြည် (မန္တလေး)တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရကာ ယနေ့ လူရွေးချယ်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှအားကစားသမား စုစုပေါင်း (၁၉၆)ဦး လာရောက်အရွေးချယ်ခံခဲ့ကြကြောင်းသိရှိရပါသည်။