အားကစားရေးရာဝန်ကြီးဌာန

Loading

FIFA FOOTBALL FOR SCHOOL PROGRAM ‌ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဧပြီ ၂၃

FIFA FOOTBALL FOR SCHOOL PROGRAM ‌ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၁၃ : ၀၀)နာရီ အချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်း အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဌေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များက In person စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ အားကစားကဏ္ဍ မြင့်မားရေးနှင့်ပတ်သက်၍ Smart School နှင့် Football for School Program ကို အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပေါင်းစပ်၍ ရက်ပေါင်း (၁၀၀) အတွင်း ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့အား တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတို့က Smart School နှင့် Football for School Program အား ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အခြေခံပညာကျောင်းများတွင် နည်းပြ မွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး၊ လူရွေးချယ်နိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဘောလုံးဖြန့်ဝေပေးနိုင်ရေးကိစ္စရပ်များ၊ PE ဆရာ/ဆရာမများခန့်အပ် ပေးနိုင်ရေးကိစ္စရပ်များ၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးကိစ္စရပ်များ ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အားကစားကွင်း/အားကစားရုံသတ်မှတ်ပေးနိုင်ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေး ခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က လိုအပ်ချက်များ အား မိမိတို့ဝန်ကြီးဌာန အကြီးအကဲများထံသို့ တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။