အားကစားရေးရာဝန်ကြီးဌာန

Loading

(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ

ရန်ကုန် ၊ မေ ၃၀

ရုရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ၂၀၂၆ခုနှစ် ၊ ဇွန်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် (၈)ကြိမ်မြောက် နိုင်ငံတကာ လူငယ်အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။