အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၊ မတ်လ ၂ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myanmar Shwe Pyi Tractor Limited တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲ “ Cycling Esports National Championships 2025″နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးအားကစားစခန်း (YTC)ကွင်းရှိ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် Men Junior ပွဲ၌ ပထမ ရဲမြတ်ကျော် RCC (ရန်ကုန်)၊ ဒုတိယ ဇေလင်းထက် TYC(မန္တလေး) နှင့် တတိယ စောဝေနောင်ထွန်း TYC (မန္တလေး) တို့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း က ငွေသားဆုနှင့်အတူတစ်ဦးချင်းဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ Women Elite ပြိုင်ပွဲတွင် ပထမ ခိုင်ဝါ TYC(မန္တလေး)၊ ဒုတိယ သွယ်ဇင်ဟန် KNCC(ရန်ကုန်) နှင့် တတိယ လှလှနွယ် FCC(ရန်ကုန်) တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးမြတ်သူက ငွေသားဆုနှင့်အတူတစ်ဦးချင်းဆုတံဆိပ်များပေးအပ်ချီးမြှင့်၍လည်းကောင်း၊ Men Elite ပြိုင်ပွဲတွင် ပထမ ဟာကျူလီ TYC(မန္တလေး)၊ ဒုတိယ ဝေလျှံအောင် FCC(ရန်ကုန်) နှင့် တတိယ ထက်အောင်စိုး KNCC(ရန်ကုန်)တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးခင်မောင်ဝင်းက ငွေသားဆုနှင့်အတူတစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း ၊ ပြိုင်ပွဲဝင်အတန်းလိုက် စတုတ္ထ မှ ဒသမတန်းအထိ ဆုရရှိခဲ့ကြသောပြိုင်ပွဲဝင်အားကစားသမားများအား အဖွဲ့ချုပ်အတွင်းရေးမှူးနှင့် အမှုဆောင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှ မတ်လ ၂ရက် နေ့အထိ ကျင်းပခဲ့ပြီး Men Junior တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား ၅၈ဦး၊ Women Elite တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား၂ဝဦး နှင့် Men Elite တန်းတွင် ပြိုင်ပွဲဝင်အားကစားသမား ၂၂ဦး ၊ စုစုပေါင်း ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၆) ကီလိုမီတာ အမှတ်ပေးစနစ်ဖြင့် ဆုပေးခဲ့ကြောင်းသိရှိရသည်။