အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

နေပြည်တော်၊ အောက်တိုဘာ ၆

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE)အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ (၃)ဦးနှင့် အားကစားသမား (၁၇)ဦး၊ စုစုပေါင်းအင်အား (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်ရလဒ်များအဖြစ်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ (ISPE) အသင်းသည် တရုတ်(ဟူလန်း)အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင် မြန်မာ (ISPE) အသင်းက တရုတ်(ကွေ့ကျိုး)အသင်းကို ၈ ဂိုး၊ ၂ ဂိုးဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၃ ရက်နေ့တွင် မြန်မာ (ISPE) အသင်းက တရုတ်(လုံနိုင်)အသင်းကို ၇ ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာ (ISPE) အသင်းက တရုတ်(အား/ပညာ) အသင်းကို ၃ ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာ (ISPE) အသင်းက ဗီယက်နမ် (Hanoi Xide FC)အသင်းကို ၁၁ ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း၊ မြန်မာ (ISPE) အသင်းသည် ပွဲစဉ်တစ်လျှောက်ပြိုင်ပွဲဝင်အသင်းများကို အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

မြန်မာ(ISPE)အသင်း၏ ပြိုင်ပွဲဝင် ပြိုင်ဘက်အသင်းများဖြစ်သည့် တရုတ်(ဟူလန်း) အသင်း၊ တရုတ်(ကွေ့ကျိုး)အသင်း ၊ တရုတ်(လုံနိုင်)အသင်း၊ တရုတ်(အား/ပညာ)အသင်းနှင့် ဗီယက်နမ် (Hanoi Xide FC)အသင်း စုစုပေါင်း အသင်း(၅)သင်း၊ မြန်မာအသင်းအပါအဝင် ပြိုင်ပွဲဝင်အသင်း စုစုပေါင်း အသင်း (၆)သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ (ISPE)အမျိုးသားဘောလုံးအသင်းအနေဖြင့် ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ပွဲစဉ်တစ်လျှောက် စုစုပေါင်း ရမှတ်(၁၃)မှတ်ဖြင့် ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့ပြီး ဗီယက်နမ်(Hanoi Xide FC)ဘောလုံးအသင်းက စုစုပေါင်းရမှတ်(၉)မှတ်ဖြင့် ဒုတိယဆုကို ရရှိခဲ့ကြောင်းသိရသည်။