အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ

ရန်ကုန် ၊ ဇွန်လ(၂၃)ရက်။

၂၀၂၄ ခုနှစ် ၊ ဇွန်လ၂၅ ရက်မှ ဇူလိုင်လ ၆ ရက်အထိ အင်ဒိုနီးရှားနိင်ငံ ၊ ဆာယာမြို့နှင့်မာလန်းမြို့တို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာတက္ကသိုလ်များအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဦးကျော်ဆန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အုပ်ချုပ်မှုအဖွဲ့နှင့် ဖူဆယ် ၊ ပီတန်း ၊ ဘော်လီဘော အမျိုးသား/အမျိုးသမီး ၊ ဝူရှူး အားကစားသမားများ စုစုပေါင်း(၇၅)ဦးတိုသည် ယနေ့ နံနက် ၁၀:၃၅ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စင်ကာပူနိင်ငံ မှ တဆင့်အင်ဒိုနီးရှားနိင်ငံသို့ ထွက်ခွာသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် မိဘဆွေမျိုးများက ပို့ဆောင်နူတ်ဆက်ခဲ့ကြသည်။

အဆိုပါတက္ကသိုလ်အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်ထွန်း ပါမောက္ခချုပ် ၊ ရန်ကုန်တက္ကသိုလ် ၊ ပညာရေးဝန်ကြီးဌာန ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဦးကျော်ဆန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ဒေါက်တာကျော်ဆန်းဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ အဆင့်မြင့်ပညာဦးစီးဌာန အပါအဝင် စုစုပေါင်း (၁၁၉)ဦးဖြစ်ရာ ၊ ဇွန်လ(၂၁)ရက်နေ့တွင် ပထမအသုတ် အဖွဲ့ခေါင်းဆောင်(၂)ဦး ၊ ဇွန်လ(၂၃)ရက်နေ့တွင် ဒုတိယအသုတ် အဖွဲ့ခေါင်းဆောင် (၁) ၊အုပ်ချုပ်မှုအဖွဲ့နှင့် ဖူဆယ် ၊ ပီတန်း ၊ ဘော်လီဘော အမျိုးသား/အမျိုးသမီး ၊ ဝူရှူး ၊ ဇွန်လ(၂၈)ရက်နေ့တွင် တတိယအသုတ် မြားပစ် ၊ ဇွန်လ(၂၉)ရက်နေ့တွင် စတုတ္ထအသုတ်ပြေးခုန်ပစ် ၊ ပိုက်ကျော်ခြင်း ၊ တိုက်ကွမ်ဒို နှင့် ဇူလိုင်လ(၁)ရက်နေ့တွင် ပဉ္ဓမအသုတ်ကရာတေးအဖွဲ့များ အသီးသီး ထွက်ခွာကြမည်ဖြစ်ကြောင်းသိရှိရသည်။