![]()
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက် အသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲကျင်းပ
မေလ ၂၅ ရက်၊ တောင်ကြီးမြို့
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုတို့ကိုခံယူကာ ပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကိုရည်ရွယ်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက်အသုံးစရိတ်ဖြင့် Open Tender နှင့် Local Tender များခေါ်ယူဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလှိုင် ၊ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာမျိုး ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် ၊ အင်ဂျင်နီယာအဖွဲ့ဝင်များနှင့် တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များကတက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ တင်ဒါစည်းမျဥ်းစည်းကမ်းချက်များနဲ့အညီ သေချာစွာဆောင်ရွက်သွားကြဖို့ ပြောကြားသွားကာ ခေါ်ယူထားသည့် လုပ်ငန်းတင်ဒါများအား ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။


