![]()
၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
မော်လမြိုင် ၊ ဇွန် ၅
၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ ၄ရက်နေ့နှင့် ၅ ရက်နေ့များတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်နှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။
ယနေ့ ညနေ(၄:၃၀)နာရီအချိန်တွင် ဗိုလ်လုပွဲပွဲစဉ်အဖြစ် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ပါပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိသော ပေါင်မြို့နယ်အသင်းနှင့် အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသော ပေါင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆု၊ ငွေသားဆုကျပ်(၇)သိန်းစီနှင့် တံခွန်စိုက်ဆုအား မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းမှ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော သံဖြူဇရပ်မြို့နယ်အသင်းနှင့် အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မော်လမြိုင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆု၊ ငွေသားဆုကျပ်(၅)သိန်းစီတို့အား မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမမှ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော ရေးမြို့နယ်အသင်းနှင့် မော်လမြိုင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆု၊ ငွေသားဆုကျပ်(၃)သိန်းစီအား မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော သံဖြူဇရပ်မြို့နယ် အသင်းနှင့် ရေးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆု၊ ငွေသားဆုကျပ်(၃)သိန်းစီအား မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးမျိုးမင်းလှိုင်မှ လည်းကောင်း၊ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပေါင်မြို့နယ်မှ မောင်အောင်ဘုန်းပြည့်လျှံ၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ်မှ မောင်ပိုင်မျိုးဟိန်း၊ ပူးတွဲတတိယဆုရရှိသော ရေးမြို့နယ်မှ ခန့်ဘုန်းမြတ်နှင့် ဘီးလင်းမြို့နယ်မှ မောင်ကောင်းချမ်းဘုန်းနိုင်တို့ တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်းမှလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသော ပေါင်မြို့နယ်မှ မစန္ဒာအောင်၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ်မှ မအိသင်ဇာမောင်၊ ပူးတွဲတတိယဆုရရှိသော မော်လမြိုင်မြို့နယ်မှ မဧပရယ်မိုင်နှင့် မအေးသက်ထားဦးတို့အား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းမှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဖိတ်ခေါ် Bounce Sport Lifestye Clup Champions Table Tennis ပြိုင်ပွဲ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည့် မော်လမြိုင်မြို့နယ်မှ မြန်မာ့လက်ရွေးစင် မောင်သက်ကိုကိုလတ်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်းကို မွန်ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီ ဥက္ကဌ ဦးသင်းမောင်စိုးမှ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


