![]()
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ
ရန်ကုန်၊ ဧပြီ ၃၀
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပခဲ့သည်။
ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (အပြည်ပြည်ဆိုင်ရာလူငယ်စစ်တုရင် ပြိုင်ပွဲ၊ ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲ) Swiss System (Round-4)ပြိုင်ပွဲ ပွဲစဉ်များကို တိုင်း ဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ စစ်တုရင်အားကစားသမားများ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (အပြည်ပြည်ဆိုင်ရာလူငယ်စစ်တုရင်ပြိုင်ပွဲ၊ ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲ) Swiss System (Round-5)ပြိုင်ပွဲ ပွဲစဉ်များကို တိုင်း ဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ စစ်တုရင်အားကစားသမားများ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး (အပြည်ပြည်ဆိုင်ရာလူငယ် စစ်တုရင်ပြိုင်ပွဲ၊ ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲ) Swiss System (Round-6) ပြိုင်ပွဲ ပွဲစဉ် များကို တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ စစ်တုရင်အားကစားသမားများ အသီးသီး ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင် ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။


