အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၃)ယောက်တွဲပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၃

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း ကို(၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီး ဌာနအသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာန အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန် အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပိုက်ကျော်ခြင်း(အမျိုးသား) (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များနှင့် ပထမအဆင့်ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအဖြစ် အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်း၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားသွားမည်ပြီး အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအပြီးတွင် ပထမအဆင့်ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ခတ်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။