![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
နေပြည်တော်၊ ဇွန် ၁၄
ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှ စတင်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တောင်ကြီးမြို့၊ မိုးလုံလေလုံ အားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော (အမျိုးသမီး)ကွာတားဖိုင်နယ်အဆင့် ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်မွန်ပြည်နယ်အသင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ ဘော်လီဘော(အမျိုးသား)ကွာတားဖိုင်နယ်အဆင့် ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ချင်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘ ပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


