အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲဆက်လက်ကျင်းပ

ရန်ကုန် ၊ ဇူလိုင် ၂၆

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲကို ‌ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား ၄၈-၅၁ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၅၁-၅၅ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၅၁-၅၄ကီလိုတန်း ပြိုင်ပွဲ၊အမျိုးသား ၄၃-၄၆ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး ၄၀-၄၃ ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသမီး ၄၃-၄၆ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး ၄၉-၅၃ ကီလိုတန်းပြိုင်ပွဲများကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး‌နောက်အနိုင်ရရှိသူများကဆီမီးဖိုင်နယ်ပြိုင်ပွဲနှင့်ဗိုလ်လုပြိုင်ပွဲမျာသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအား ဇူလိုင်လ ၂၇ ရက်နေ့တွင်ဆီမီးဖိုင်နယ်ပြိုင်ပွဲများနှင့်ဗိုလ်လုပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားအား အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသွားမည်ဖြစ်ရာ အားကစားဝါသနာရှင်မိဘပြည် သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။