![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၁၅
ကရာတေးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် ကရာတေးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့သည်။ ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသမီးတစ်ဦးချင်း “ ခတ” ပြိုင်ပွဲ ၊ အမျိုးသမီး “ ကုမိတဲ့” အတိုက် + 61 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသမီးအဖွဲ့လိုက် “ ခတ” ပြိုင်ပွဲ ၊ အမျိုးသားတစ်ဦးချင်း “ ခတ” ပြိုင်ပွဲ ၊ အမျိုးသား “ ကုမိတဲ့” အတိုက် + 75 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသား “ ကုမိတဲ့” အတိုက် -75 kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသား အဖွဲ့လိုက် “ ခတ” ပြိုင်ပွဲများကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာအားကစားဝါသနာရှင်မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

