အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဗိုဗီနမ်ပြိုင်ပွဲကျင်းပ

တောင်ကြီးမြို့၊ မေလ(၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ်ဗိုဗီနမ်ပြိုင်ပွဲကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဆင်းပြိုင်ပွဲကို တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း အဓိကဦးတည်ချက်ထားပြီး ဆောင်ရွက်လျက် ရှိသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ၊ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေး ၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်လျက်ရှိပြီး ကျောင်းသား / ကျောင်းသူလူငယ်လူရွယ်များအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အားကစားနည်းအလိုက်အခြေခံနည်းစနစ်များကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေပြီး ကျန်းမာကြံ့ခိုင်၍ အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်ကာ ဤနွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ၂၂-၄-၂၀၂၄ရက်နေ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိခဲ့ရကာ ဆက်လက်ပြီး ပြိုင်ပွဲ၌ ဆုရအားကစားသမားများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကာ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း (၃၅)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။