၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်နိုင်ရန်အတွက် ၂၉-၄-၂၀၂၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ လူစစ်ဆေးခြင်းနှင့် နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ၊ မြို့နယ်အလိုက်အားကစားမှူးများနှင့် တာဝန်ခံများ ၊ နည်းပြ/အုပ်ချုပ်အဖွဲ့ဝင်များ ၊ အသင်းကိုယ်စားလှယ်များ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြကြောင်းသိရှိခဲ့ရပြီး အဆိုပါပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့ထိ ပြည်နယ်အားကစားရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိခဲ့ရပါသည်


