အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၇

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဖူဆယ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမား များသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံအဆင့် ဖူဆယ်ပြိုင်ပွဲတွင် အသင်း(၂၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။