အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဧပြီလ(၃၀)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားကွင်းအတွင်း၌ နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဖြင့်အမိနိုင်ငံ၏ဂုဏ် ၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း၊ ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းပိုက်ကျော်ခြင်းအားကစားနည်း အစဥ်အမြဲတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး ၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၇) ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ဖွင့်ပွဲ အဖွင့်ပွဲစဥ်အဖြစ် တောင်ကြီး မြို့နယ်အသင်း နှင့် ကျိုင်းတုံ မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့ထိ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၃၅ သင်း ၊ အမျိုးသမီးအသင်း ၁၃ သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း ၂၄၀ ဦးဖြင့် အုပ်စုများခွဲကာ သတ်မှတ်ပြိုင်ပွဲကွင်းအသီးသီးတို့တွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။