အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ မတ်(၂၈)။

ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရလဒ်(၂)ဦးအသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၁၁၇)မှတ်အသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရလဒ်(၆၃)မှတ်အသာဖြင့်လည်းကောင်း၊ ပြည်‌ထောင်စုနယ်မြေ နေပြည်တော် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၄၈)မှတ်အသာဖြင့်လည်းကောင်း၊ ခရစ်ကက်(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်‌ထောင်စုနယ်မြေ နေပြည်တော်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ်(၄၃)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၅)ဦးအသာဖြင့်လည်းကောင်း၊ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၇)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရလဒ်(၅)ဦးအသာဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်(၂၉)ရက်နေ့ နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် ပြည်‌ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ခရစ်ကက် (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းနှင့် ပြည်‌ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တ‌လေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။