အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်နှင့် (အမျိုးသား/အမျိုးသမီး) Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဧပြီ(၁)။

ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုး သား/အမျိုးသမီး)အကြိုဗိုလ်လုပွဲပွဲစဉ်များနှင့် Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များ ကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်း၊ကို ရလဒ်(၄၅)မှတ်အသာဖြင့်လည်းကောင်း၊ (အမျိုးသား) Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည် နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ်(၇)ဦးအသာဖြင့်လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တ‌လေးတိုင်းဒေသကြီးအသင်းကို ရလဒ် (၅၇)မှတ်အသာဖြင့်လည်းကောင်း၊ ကရင် ပြည်နယ်အသင်းက မ‌ကွေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၇)မှတ်အသာဖြင့်လည်းကောင်း၊ ခရစ်ကက် (အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ကရင် ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ရလဒ်(၃)ဦးအသာဖြင့်လည်းကောင်း၊(အမျိုးသမီး) Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရလဒ်(၁)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၈)ဦးအသာဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ(၂)ရက်နေ့ နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) ပြိုင်ပွဲ Plate Grouping Relegation Matches ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်း‌ဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။