အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ မတ်(၂၅)။

ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃၊၄)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ခရစ်ကက်(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကိုရလဒ်(၆၅)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ် (၃)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ် (၆၇)မှတ်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဦးအသာဖြင့်လည်းကောင်း၊(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၉၅)မှတ်အသာဖြင့်လည်း ကောင်း၊ ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ်(၇)ဦးအသာဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပြည် ထောင်စုနယ်မြေနေပြည်တော်အသင်းကို ရလဒ် (၆)မှတ်အသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၉၂)မှတ်အသာဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်(၂၆)ရက်နေ့ နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃၊၄)တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့်ပဲခူးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်‌မြေနေပြည်တော်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့်ရခိုင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့်ကရင်ပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့်ရှမ်းပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။