၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ
နေပြည်တော်၊ မတ်(၂၄)။
ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမာများစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၄)တွင် ကျင်းပခဲ့သည်။
ယနေ့ ခရစ်ကက်(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်(၂၅)ရက်နေ့ နံနက်(၈)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃နှင့်၄)တို့တွင် ခရစ်ကက်(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


