၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ အောက်တိုဘာလ(၅)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၅.၁၀.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်အဖြစ်လည်းကောင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊သူနာပြုသင်တန်းကျောင်းနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသား/ သူများနှင့်ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အသင်းများအားလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲတွင် စပေး/ပင့်ထောင်/ရိုက်ခုတ်/ဆယ်မ/ပိတ်ဆို့အကောင်းဆုံးဆုရရှိခဲ့ကြသော အားကစားသမားများနှင့် ပြိုင်ပွဲတွင်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


