အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၀)ကြိမ်မြောက်အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

ရန်ကုန် ၊စက်တင်ဘာလ ၉ ရက် ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည့် (၁၀)ကြိမ်မြောက် အာရှဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ဒေါ်ဆွေဆွေသန့် ဒုတိယညွှန်ကြားရေးမှူး နှင့် အားကစားသမား(၅)ဦး တို့သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် HM 352 ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။