အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက်
စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။
အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် သုံးသင်းပတ်လည်ယှဥ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲအဆင့်တွင် ကူဝိတ်အသင်အားအနိုင်ရရှိကာ ပထမဆုရရှိခဲ့သည်။
ဆက်လက်၍ အောက်တိုဘာ ၃၁ရက်နေ့ မှနိုဝင်ဘာ၁၀ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ HANGZHOU မြို့တွင် အိမ်ရှင် တရုတ်အသင်း ၊ ဟောင်ကောင်အသင်း ၊မြန်မာအသင်း ၊ မွန်ဂိုလီးယားအသင်း တို့သည် ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင်အသင်းက ပထမ ၊ တရုတ်အသင်းက ဒုတိယ နှင့် မြန်မာ အသင်းတို့က တတိယ ဆု ရရှိခဲ့ကြသည်။
အဆိုပါ အောင်ပွဲရမြန်မာ့လက်ရွေးစင်ခရစ်ကက်အမျိုးသမီးအသင်းသည် ယနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌဦးသန်းဝင်း ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ အတွင်းရေးမှူး နှင့် အမှုဆောင်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံရန်ကုန် ၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း တို့က ကြိုဆို နူတ်ဆက်ခဲ့ကြောင်း သိရှိရသည်။