အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့အား ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

ရန်ကုန် ၊ မေ (၂၀) ရက်

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲ( 18 th South East Asian Bodybuilding And Physique Sports Championship 2024) ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်‌သောမြန်မာ့ကာယဗလအားကစားအဖွဲ့သည် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာ ကြသည်။

အဆိုပါ အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုးဦးညွန့်ဖေနှင့်ကော်မတီဝင်များ ၊ တာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌ေကျာ်မင်းသန်းနှင့်တာဝန်ရှိသူများ ၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများ ၊ အားကစားနှင်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှကျောင်းသားကျောင်းသူများ မိဘဆွေမျိုးမိတ်သင်္ဂဟများ ပြည်သူများကအိုးစည်ဒိုးပတ်အကများဖြင့်သောင်းသောင်းဖျဖျကြိုဆိုကြသည်။

မြန်မာ့ကာယဗလအားကစားအဖွဲ့တွင် အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်း(အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း(နည်းပြ)၊ ဦးဇော်ဝင်းအောင်(နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)နှင့် ကာယဗလအားကစားသမားများဖြစ်ကြသည့် ထွန်းမင်းနိုင်၊ မုန်ဘန်အောင်၊ နိုင်မင်းသိမ်း၊ အောင်မင်းဦး၊ မျိုးနိုင်ထွန်း၊ ကိုကိုကျော်ဖြိုး၊ သန်းထိုက်ဦး၊ သဲဝါ၊ ခင်နီလာစိုးနှင့် ဇူးဇူးသန့်တို့ ပြန်လည်လိုက်ပါလာကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲ၌ Women’s Athletic Physique ပြိုင်ပွဲတွင် သဲဝါ ( မြန်မာ) ကရွှေတံဆိပ်တစ်ခု၊ (၆၅)ကီလိုတန်းတွင်း မုန်ဘန်အောင်(မြန်မာ)ကငွေတံဆိပ်၊ Men’s Athletic. Physique. up to 175 cm + 6kg ပြိုင်ပွဲ၌ ကိုကိုကျော်ဖြိုး ကရွှေတစ်ခု၊ Men’s Sports Physique up to 170 cm -2 kg ပြိုင်ပွဲ၌ သန်းထိုက်ဦးက ရွှေတစ်ခု၊ Women’s Model Physique up to 160 cm ပြိုင်ပွဲ၌ ခင်နီလာစိုးနှင့် Women’s Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်တို့က ‌ငွေတစ်ခုစီအသီးသီးဆွတ်ခူးရရှိခဲကြသည်။

ယင်းပြိုင်ပွဲတွင် အာဆီယံ ကိုးနိင်ငံတို့ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ိလစ်ပိုင်နှင့် တီမောနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကာ အားကစားသမား(၁၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။