အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်(၁၉.၂.၂၀၂၄)
နေပြည်တော်၊ ဖေဖော်ဝါရီ(၁၉)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


