အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ထွက်ခွာ
ရန်ကုန်၊ မေ(၂၀ )ရက်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ မေ(၂၂)ရက်မှ(၂၆)ရက်အထိကျင်းပမည့်အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ၂၀၂၄ (Badminton Asia South East(U-17&U-15)Mixed Team&Individual Event 2024)ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကြက်တောင်အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်၊ တွဲဖက်အတွင်းရေးမှူးနှင့် အားကစားသမားများ၏ မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အုပ်ချုပ်သူအောင်ခိုင်ထွေး၊နည်းပြ ဒေါ်တွယ်တာဦး၊အားကစားသမားရှစ်ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲတွင်အိမ်ရှင်လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘရူနိုင်း၊ အရှေ့တီမောနိုင်ငံတို့ပါ၀င်မည်ဖြစ်ကြောင်းသိရသည်။


