အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြားပစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
နေပြည်တော်၊ မတ်(၂၅)။
၂၀၂၄ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ နေပြည်တော် ဇမ္မူသီရိမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်သင်တန်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်နည်းပြဆရာများဖြစ်ကြသည့် ဦးအောင်သူရ၊ ဦးနေမျိုးအောင်နှင့် ဦးအောင်မျိုးသူတို့က သင်ကြားပြသပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီခွဲတွင် ပဏာမ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများဖြစ်ကြသည့် မပြည့်စုံနှင်းနှင့် မောင်အောင်ကိုဦးတို့၏ မြားပစ် သရုပ်ပြသနေမှုများကို အာကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


