အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အငယ်တန်း ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ၂၅ ရ က်

အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံကြက်‌တောင်အဖွဲ့ချုပ်တို့ ပူး‌ပေါင်းကျင်းပသည့် ME&GEMS အငယ်တန်းချန်ပီယံရှစ်ကြက်‌တောင်ပြိုင်ပွဲ(ME&GEMS BADMINTON JUNIOR CHAMPIONSHIPS -2024) သက်တန်းအလိုက်ဗိုလ်လုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကိုယ‌နေ့ညနေပိုင်းက ၊ ရန်ကုန်မြို့၊ လမ်းမ‌တော်မြို့နယ် ၊ အမျိုးသားကြက်တောင်အားကစားခန်းမ၌ကျင်းပခဲ့သည်။ အမျိုးသားချန်ပီယံဗိုလ်လုပွဲ၌အသက် ၁၉နှစ်‌ အောက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ဘုန်းထက်ဇော် + ဉာဏ်ရှိုင်းလင်းအတွဲက လာဇွီးဒီကာ + သူရိန်ကျော်အတွဲကို နှစ်ပွဲ ၊ တစ်ပွဲဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါပြိုင်ပွဲများ အပြီးတွင် အသက် ၉ နှစ်‌အောက် ၊ ၁၁ နှစ်အောက် ၊ ၁၃ နှစ်‌အောက် ၊ ၁၅ နှစ်‌အောက် ၊ ၁၇ နှစ်‌အောက် ၊၁၉ နှစ်အောက် ၊ အမျိုးသား ၊ အမျိုးသမီးတစ်ဦးချင်း ၊ နှစ်ယောက်တွဲ ၊ အမျိုးသား + အမျိုးသမီး နှစ်ယောက်တွဲဗိုလ်လုပြိုင်ပွဲများ ယှဥ်ပြိုင်ကစားကြပြီး ပထမ ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြ‌‌သော အားကစားသမားများအား မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင် ၊ လမ်းမတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော် ၊ UAB ၊ ME&GEMS ၊ SP GEMSမှတာ၀န်ရှိသူများက ငွေသားဆုနှင့်ဆုတံဆိပ်များချီးမြှင့်ခဲ့ကြသည်။

ယင်းပြိုင်ပွဲ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အားကစားသမားများ ၊ ကလပ်ပေါင်းစုံမှအားကစားသမားများစုစုပေါင်း ၇၄၈ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်ပေါင်း ၄၆၅ ပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။