အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်( ၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အောင်ပန်းမြို့၊ ဇွန်လ(၂၄)ရက်။

ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာလေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ ဧည့်ကြိုသင်တန်း ၊ အိပ်ခန်းဆောင်သင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းအမှတ်စဥ်( ၃ )” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် အောင်ပန်းမြို့ ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်

ဦးအောင်အောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် သင်တန်းသား/သူများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အောက်ပါအတိုင်းမူဝါဒ(၄)ရပ်ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ လူငယ်များလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (၁)ခု နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(၁)ခု ၊ ရန်ကုန်တိုင်းဒေသကြီးမှာလည်း အလားတူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(၁)ခု ၊ နယ်စပ်ဒေသအသီးသီးမှာလည်း တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်ပြီး လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ ဒါ့အပြင် လူငယ်အမျိုးသမီးများအတွက်လည်း အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများလည်းဖွင့်လှစ်ထားရှိပါကြောင်း ၊ ယနေ့ဖွင့်လှစ်သော သင်တန်းမှာလည်း နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဧည့်ကြိုသင်တန်း (Front Office Course) ၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (House Keeping Operation Course)နှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း (Food and Beverage Service)သင်တန်း အမှတ်စဥ်(၃)ကို သင်တန်းသူ (၃၀)ဦးဖြင့် စာတွေ့ (၃)လ ၊ လုပ်ငန်းခွင်ကာလ (၃)လတို့ဖြင့် သင်ကြားပေးသွားမှာဖြစ်ကြောင်း အစရှိသည် များကိုပြောကြားသွားကာ အဆိုပါသင်တန်းအား ၂၄.၆.၂၀၂၄ ရက်နေ့မှ ၉.၆.၂၀၂၄ ရက်နေ့ထိ သင်တန်းကာလ (၃)လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူ(၃၀) ဦးမှတက်ရောက်လျက်ရှိကြောင်းသိရှိခဲ့ရပါသည်။