အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ သြဂုတ်လ ၈။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ယနေ့နံနက်(၁၀)နာရီအချိန် ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ပြည့်ဖြိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးညွန့်ဝေ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ သာကေတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူ ကဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မို့မို့လွင် မှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား အ.ထ.က၂ ကျောင်းအုပ်ကြီး ဦးစောသက်ဇေအောင် မှလက်ခံ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

့နောက် Fitness Dance အားကစားနည်း၊ တိုက်ကွမ်ဒို အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးညွန့်ဝေ ၊ ၇/နောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်စင်ထွန်း တို့မှ သရုပ်ပြအဖွဲ့ အားဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။