အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ၊ ဇူလိုင်(၁၀)ရက်။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးမွန်က ပြင်းထန်ဝမ်းပျက်/ဝမ်းလျော ရောဂါ ကာကွယ်နည်းများခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးမှ လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်း ကောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် လူဦးရေ ၁၀၃ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။